ဝေးကွာခြင်း

Thursday 25 March 2010

ဝေးကွာခြင်းတွေ
ထပ်ခါထပ်ခါကြုံလာတဲ့အခါ
ဆုံတွေ့ခြင်းဆိုတာကို
တခါတလေတော့
အပိုင်ရချင်လိုက်တာ....

နွေမှာလောင်တဲ့မီးက
ပူမှန်းသိပေမယ့်
မိုးရွာမှာကို စိုးမိတယ်
တကယ်ဆိုရင်
ငါက မချစ်ပဲမှ မနေနိုင်ခဲ့တာ...