ပြုံးချင်စရာ အိန္ဒိယ ဟာသများ

Friday 26 March 2010


မင်းတို့ပဲ စွမ်းသလား

နိုင်ငံရပ်ခြားက တိုးရစ်စ် တစ်ယောက်ဟာ ဒေလီ နဲ့ အက်ဂရာမှာ သူ့ကို လိုက်ပို့ဖို့ အိန္ဒိယ ဧည့်လမ်းညွှန် တစ်ယောက်ကို ငှားပါတယ်။ ဒေလီက ခံတပ်နီကြီး ကို ရောက်တဲ့အခါမှာတော့ ဗိသုကာ လက်ရာတွေကို သဘောကျလို့ ဘယ်နှစ်နှစ် ကြာအောင် ဆောက်ရသလဲ လို့မေးပါတယ်။ ဧည့်လမ်းညွှန်က “နှစ် ၂၀ ကြာပါတယ်။” လို့ ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယက ကောင်တွေ ငပျင်းတွေပဲ။ ငါတို့ တိုင်းပြည်မှာ ဒါမျိုးဆောက်ရင် ၅ နှစ်နဲ့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြန်ပြောပါတယ်။

အက်ဂရာကို ရောက်တဲ့ အခါမှာတော့ တာ့ဂ်ျမဟာရ် ဂူသင်္ချိုင်းကြီးရဲ့ အလှအပတွေကို သဘောကျလို့ ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲလို့ မေးပြန်ပါတယ်။ ဒီတစ်ခါတော့ “ဆယ်နှစ်ပဲ ကြာပါတယ်။” လို့ ဧည့်လမ်းညွှန်က ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယကကောင်တွေ အလုပ်လုပ်တာ အတော်နှေးတာပဲ။ ငါတို့ဆီမှာ ဆိုရင် ဒီလို အဆောက်အဦးမျိုးကို ၂ နှစ်ခွဲနဲ့ ဆောက်လို့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြောပြန်ပါတယ်။

အဲဒီလိုနဲ့ တိုးရစ်စ်ဟာ သူသဘောကျသမျှ အဆောက်အဦးတိုင်းကို သူတို့ တိုင်းပြည်မှာ ဆိုရင် အချိန် ၄ ပုံ ၁ပုံလောက် သုံးရင် ပြီးတယ် ဆိုပြီးတော့ ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒေလီက ကူတပ် မိုင်နာ တာဝါကြီး ကို ရောက်လာပါတယ်။ တိုးရစ်က “ဒါဘာကြီးလဲ” လို့ မေးတော့ ဧည့်လမ်းညွှန်က “မသိဘူး။ မနေ့က ညနေကအထိတော့ ဒါကြီး မရှိသေးဘူး။” လို့ ပြန်ဖြေ လိုက်ပါတယ်။

မှားတဲ့လိပ်စာ

ဆင်းရဲသားတစ်ယောက်ဟာ ဘုရားကျောင်း အပြင်ဘက်မှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။ ဘဂဝမ်က ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ် နေပါတယ်။ ဒါပေမယ့်လည်း ဘုရား လာရှိခိုးတဲ့ သူတွေက သူ့ကို ပိုက်ဆံ နည်းနည်းလေးပဲ ပေးကြပါတယ်။ စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ ဘုရားကျောင်းက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင် ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။ “ဘဂဝမ်ရဲ့ မေတ္တာနဲ့ တစ်ပြား နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။ ဆိုင်ထဲကနေ မူးပြီး ထွက်လာတဲ့ သူတွေက ရူပီးငွေ ငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။ ဘုရားကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလို ပြောပါတယ်။ “ဟေး ဘဂဝမ်။ ကျွန်ုပ်တော့ နားမလည် နိုင်တော့ဘူး။ အသင် ကျွန်ုပ်ကို ပေးတာ လိပ်စာက တစ်မျိုး။ နေတော့ အခြားတစ်နေရာ။ ဘယ်လို ဖြစ်တာလဲ။”

မြို့တော်ဖြစ်အောင်

ဆိုနုက မအိပ်ခင် ဆုတောင်းနေပါတယ်။ “ ဘုရားသခင်။ ကျေးဇူးပြုပြီး နေပယ်လ်ကို အီတလီရဲ့ မြို့တော် ဖြစ်အောင် စောင်မတော်မူပါ။ ကျေးဇူးပြုပြီး စောင်မတော် မူပါ။”

“နေပါဦး။ မင်းက ဘာကိစ္စ နေပယ်လ် ကို အီတလီရဲ့ မြို့တော် ဖြစ်စေချင်ရတာလဲ။” လို့ ဆိုနု ရဲ့ အမေက မေးပါတယ်။

“ဘာလို့လဲ ဆိုတော့ ဒီတစ်ခါ ပထဝီ စာမေးပွဲမှာ အဲဒီလို ဖြေလိုက်လို့ပေါ့။” လို့ ဆိုနု က ပြန်ဖြေလိုက် ပါတယ်။

မာလိုးနိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာလိုးနိမ်း။” လို့ ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာလိုးနိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့ “အော်။ မာလိုးနိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။
(မာလိုးနိမ်း= မသိဘူး။) :D

သင့်တော်တဲ့ အလုပ်

အရောင်းသမားတစ်ယောက်ဟာ ကပ်စတန်မာကို ရိုင်းရိုင်းပျပျ ဆက်ဆံတဲ့အတွက် အလုပ် ထုတ်ခံရ ပါတယ်။ တစ်လလောက် ကြာတော့ အရောင်းမန်နေဂျာက သူ့ကို ရဲ အဝတ်အစားနဲ့ လမ်းလျှောက်လာတာကို တွေ့ရပါတယ်။

“အော် ဘာနဂါ။ လက်စသပ်တော့ မင်းက ရဲအဖွဲ့ထဲ ဝင်လိုက်တာကိုး။” လို့ အရောင်းမန်နေဂျာက ပြောပါတယ်။

“ဟုတ်တယ် ဆရာ။ ဒါ ကျွန်တော် တစ်ဘဝလုံး ရှာနေတဲ့ အလုပ်ပဲ။ ဒီအလုပ်မှာ ကပ်စတန်မာက အမြဲမှားတယ်။ (Customer is always wrong.)”

ဆက်သွယ်ရေး

ဆက်သွယ်ရေး လက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။

“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူး ဆိုတာ ဘယ်လို ဥပမာ ပြမလဲ။”

ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က “အိန္ဒိယ လူမျိုးတွေကို ကြည့်ပါ ဆရာ။ သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။ အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ် နေကြတာပါ။ ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။ အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။

အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့ “သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။ မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ် ပါတယ်။

ကျောင်းသားက “သူတို့ကို အပြာရောင် အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။ အဆင်ပြေ သွားပါလိမ့်မယ်။ Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။

ရယ်မောခြင်းသည် အသက်ကို ရှည်စေ၏

တစ်ညလုံးဆို ဘယ်လောက်လဲ

 
မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က “ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ” ဟု မေးသည်။ ထိုအခါ လူနာ မိန်းမက
“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။ နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ” ဟု မဝင့်တဝင့် ပြောသည်။ ထိုအခါ ဆရာဝန်က...“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“ ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင် ”...။
........  ........ တစ်ညလုံးကြီးများတောင်...
 

လက်ထပ်ပြီးစီးခြင်း

 
....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)
........ ......
 

လင်ကွန်းမိန်းမ နာမည်က

 
အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင် စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"
....... ..... လွယ်လွယ်လေး နှော....။
 

သူ့ထက်သူ

 
လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့် သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်
...............

ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း

ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန် ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”
.......  .......

ဖြစ်ချင်တာက......... ....

 
ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။ တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”
............... ...................

အရင်းခံ အတိုင်းပါရှင်


တရားသူကြီး ။ ။ “ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့ ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။
တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ”
တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ”
တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ”
...... .......
 

ယူမိသည့် တာဝန်..


“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...
................ .................
 

သွက်လက် ချက်ချာသူလေး


အိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “ အက်စတာ ” လို့
ခေါ်မယ် မှတ်ထား ”
အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော မေမေကြီးကို
ဘယ်လိုခေါ်ရမှာလဲ ”
အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”
အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”
.......... သိပ်တော်..
 

ကြောက်တယ်နော်....း)


တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။
.............. ............ အဟိ

 

လှေခါးလာမလှုပ်နဲ့


ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။
.......................... အဟိ
 
ပျော်ရွှင်ပါစေ
 

ဖတ်ဖြစ်အောင်ဖတ်ပေးစေချင်ပါတယ်

အွန်လိုင်းမှာ အချစ်ဇတ်လင်းခင်းမယ့်သူတွေနဲ့ အချစ်ဇတ်လမ်း ခင်းချင်တဲ့
သူတွေ အတွက် ရည်စူးပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အွန်လိုင်း အချစ်ဆိုတာ
စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်။ အွန်လိုင်းမှာ တစ်ယောက်အကြောင်း
တစ်ယောက်မသိပဲနဲ့ ချစ်ခွင့်ပန်ကြတယ်။ အဖြေပေးကြတယ်။ ဒါဟာ
အချစ်နဲ့ပါတ်သက်ပြီး ရူးသွပ်မှုလို့ လူတော်တော်များများက ပြောကြတယ်။
အချစ်ကို ကလေးကစားစရာလို ဆော့ကစားတာဟာ နောက်ဆုံးမှာ မိန်းခလေးတွေဘက်ကပဲ
နစ်နာတာများပါတယ်။ ယောက်ကျားတဲ့...... စားလို့ရရင် အကုန်စားမှာ
ကျားတွေပဲနော်။


ပြောကြည့်ပါ။ သင်သာမိန်းခလေးဆိုရင်....။ သူ့ကိုငါတကယ်မချစ်ပါဘူး၊ ဒါပေမဲ့
အပျော်သဘောနဲ့ သူ့ကိုငါအဖြေပေးတယ်။ သူနဲ့လည်း ဘာမှအများကြီး
မဖြစ်သေးပါဘူး၊ ဘာကိုနစ်နာမှာလဲလို့ပေါ့။ ကျနော်က ယောက်ကျားလေး
ယောက်ကျားလေးဘက်ကပဲ ပြောမယ်။ ရည်းစားများတဲ့ မိန်းခလေးဟာ
မိန်းမကောင်းမဟုတ်တော့သလို ပတ်ဝန်းကျင်မှာလည်း သူ့ရှေ့မှာသာ
ဘာမှမပြောပေမဲ့ သူ့နောက်ကွယ်မှာ သူ့အကြောင်းနဲ့ ပါတ်သက်ပြီး
မကောင်းသတင်းတွေက မွှေးနေတာကိုလည်း သူမသိဘူးလေ။


ယောက်ကျားလေးဘက်က ကြည့်ကြရအောင်။ယောက်ကျားလေးဘက်က ငါ့မှာနစ်နာစရာမရှိဘူး။
ကြုံတုန်း ကြောင်လိုက်အုံးမယ်ဟ ဆိုတဲ့ သူတွေများပါတယ်။
မိန်းခလေးဘက်ကလည်း၊ အွန်လိုင်းမှာပဲ အပြင်မှာမဟုတ်ပါဘူး။
ဘာမှမဖြစ်ပါဘူးဆိုပြီး အထာတွေပေးတော့ ယောက်ကျားလေးဘက်က
အီစီကလီတွေလုပ်တော့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တကယ်ချစ်သွားတဲ့သူ
အဲဒီ့အပေါ်မှာ သာယာသွားတဲ့သူ ကတော့ ခံစားရမှာ မုချပဲ။ တကယ့်အချစ်နဲ့
နှစ်ဦးနှစ်ဖက်ချစ်ကြရင် အကောင်းဆုံးပေါ့။ တကယ်တော့ အချောင်ရရင်
ဘာမဆိုလိုချင်ကြတာ ယောက်ကျားတွေပါ။


ကျနော့်မှာ အလုပ်အတူတွဲလုပ်နေတဲ့ -Computer Operator -တစ်ယောက်ရှိတယ်။
သူက ဖိလစ်ပိုင်လူမျိုးပါ။ ကျနော်အခုပြောမှာ သူ့အကြောင်းကိုပြောမှာပါ။
အင်တာနက်သုံးတဲ့ သူတွေများသောအားဖြင့်က ချက်တင် မဝင်တဲ့သူ
မရှိသလောက်ရှားပါတယ်။ အဲလိုပဲ သူလည်းချက်တင် ကိုနေ့တိုင်းဝင်ပြီးတော့ကို
ချက်တာ။ အွန်လိုင်းမှာ လက်ရှိ သုံးယောက်နဲ့ ကြိုက်နေတုန်းမှာပဲ
ဟောင်ကောင်က သူတို့ ဖိလစ်ပိုင်လူမျိုးကောင်မလေး တစ်ယောက်နဲ့ ငြိသွားတယ်။
အဲဒီ ဟောင်ကောင်က ကောင်မလေးကလဲ သူ့ကို လုံးဝကိုကြွေနေတာ။
ကျနော့်သူငယ်ချင်းကလည်း ရုပ်ကဖြောင့်တာကိုး။ (သူတို့က yahoo
-ကိုပဲသုံးတော့ web cam -ကြည့်လို့ရတယ်နော်။)


အဲဒီကောင်မလေးက ဘယ်လောက်တောင်ကြွေလဲဆို၇င် ချက်တင်မှာ Typing
ရိုက်ပြီးပြောရတာ အားမရလို့ ည အိပ်ယာဝင် ရင်တစ်ခါ မနက်အိပ်ယာထရင် တစ်ခါ၊
နေ့ခင်း အလုပ်လုပ်နေ့တဲ့ အချိန်မှာ တစ်ခါ၊ တစ်နေ့ သုံးခါ
ကျနော့်သူငယ်ချင်းဆီကို ဖုန်းခေါ်ပါတယ်ခင်ဗျာ။ ကောင်မလေးက ဘယ်လောက်တောင်
ချစ်လဲ ဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ချက်တင် ဝင်ရင်းနဲ့ သူ့အိမ်က အဖေ၊
အမေတွေကိုပါ ခေါ်ပြီးတော့ သူ့ရဲ့ချစ်သူ ကျနော့် သူငယ်ချင်းနဲ့
မိတ်ဆက်ပေးတယ်။ နောက်ပိုင်းကျတော့ သူနဲ့ကောင်မလေး ချက်တင်ဝင်ရင်းနဲ့
ကောင်မလေး နည်း2 busy -သွားရင် ကောင်မလေး အဖေအမေတွေနဲ့ပါ ခဏတစ်ဖြုတ်
ချက်တင်ဝင်ဖြစ်တာ ပုံမှန်လို ဖြစ်လာတယ်။


ယောက်ကျားလေးတစ်ယောက် ရည်းစားနှစ်ယောက် သုံးယောက်အပြိုင်ထားတာ
အထူးအဆန်းမဟုတ်ပါဘူးလို့ သင်က ကျနော့်ကို ပြောလိမ့်မယ်။
ကျနော်ပြောဖို့မေ့နေလို့ပါ။ သူ့မှာ ကလေးတစ်ယောက်နဲ့ မိန်းမရှိတယ်နော်။
ကလေးက အသက်တစ်နှစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြည့်သွားခဲ့တာပါ။

ကျနော်တို့တွေ သူ့ကိုတားကြပါသေးတယ်။ အဲလိုမလုပ်သင့်ဘူး၊ ဟိုမှာ
မင်းအကြောင်းသိသွားရင် အရမ်းခံစားနေရမှာ လို့ပြောပေမဲ့ သူက
သူ့ရည်ရွယ်ချက်နဲ့သူကိုး။ နောက်မှသိလိုက်ရတာက သူက အဲဒီ့ကောင်မလေးဆီကနေ
ဟောင်ကောင်ဝင်ခွင့်ဗီဇာ နဲ့ အဲဒီ့မှာလုပ်ဖို့
အလုပ်တွေကိုတောင်ရှာခိုင်းထားပြီးပြီလေ။


အဲဒီလိုနဲ့ သူနဲ့ အဲဒီကောင်မလေးတို့ ချစ်လာကြတာ သုံးလခွဲလောက်ကြာတော့
သူငယ်ချင်းတွေ အားလုံးက မင်းမိန်းမနဲ့ ကလေးကိုငဲ့ညှာပါကွာလို့ အတန်တန်
နားချတဲ့စကားတွေကြောင့် အဲဒီ့ကောင်မလေးကို သူ့ရဲ့အကြောင်းကို
အမှန်ကိုပြောပြခဲ့တယ်။ ကလေးတစ်ယောက်နဲ့ မိန်းမ ရှိတယ်ဆိုတဲ့
အကြောင်းပေါ့။ ပထမ ပြောတုန်းက ကောင်မလေးက မယုံဘူး။ ဒါပေမဲ့ နောက်ပိုင်း
ဓါတ်ပုံတွေပါပြ တော့မှသူယုံသွားတယ်။ ဒါပေမဲ့ အဲဒီ့မှာတင်
ဇာတ်လမ်းကပြီးသင့်နေပေမဲ့ ကောင်မလေးက တကယ့်ကို ချစ်သွားခဲ့တာ
ဆိုတော့သူ့ခမျာ အရူးအမူးဖြစ်နေခဲ့တယ်။
နောက်ဆုံးကောင်မလေးကဘာပြောလဲဆို

တော့ အဲဒီသူ့ရဲ့မိန်းမထံ ပြန်မသွားပဲနဲ့
သူ့ဆီကိုလာခဲ့ဖို့၊ သူ့ဘက်ဗီဇာ လုပ်ပြီးပို့လိုက်မယ်၊
ဒီမှာအလုပ်ပါရှာထားပေးမယ် တဲ့။ အခုထက်ထိတော့ သူရဲ့အကြောင်းကို
အားလုံးသိနေတာတောင် အဲဒီကောင်မလေးခမျာ အဆက်အသွယ်မဖြတ်ပဲနဲ့
ဖုန်းခေါ်တာကတစ်မျိုး၊ SMS message -တွေကတစ်ဖုံ၊ chatting -မှာ
ချက်ကြတာတစ်မျိုးနဲ့ အဆက်အသွယ်မပြတ်သေးတာ ဘယ်သူ့ဘက်က အပြစ်ရှိတယ်လို့
သူငယ်ချင်းတို့ ထင်ကြပါလဲ။


ချစ်သူစုံတွဲတိုင်း အချစ်ကို မဆော့ကစားပဲ တကယ့်အချစ်စစ်အချစ်မှန်နဲ့
ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို
သာယာကြည်နူးဖွယ်ကောင်းမှာပဲနော်။ အခုတော့..........။


မိန်းမဆိုတာ စိတ်ကွယ်ရင် ဘာကြီးဖြစ်နေပါစေ ကျူးလွန်တဲ့သူ ဆိုရင်
အချောင်ရရင် အကုန်လုပ်တာကတော့ ယောက်ကျားတွေလေ။

သူဌေးမိန်းမက ဒရိုင်ဘာနဲ့ဖောက်ပြားတာ ဘာကြောင့်လဲ။ အသက်ကြီးနေတဲ့
ဦးလေးကြီးတစ်ယောက်ရဲ့ မိန်းမ နောက်လင်ငယ်နေတာ ဘာကြောင့်လဲ။
ယောက်ကျားအဝေးမှာ ရောက်နေလို့ နောက်တစ်ယောက်နဲ့ အဖော်ပြုနေတာ
ဘာကြောင့်လဲ။ တကယ်တော့ မိန်းခလေးဘက်က ဖောက်ပြန်ဖို့ အခွင့်အရေးတွေ
ပေးနေခဲ့ရင်တောင် မြင့်မြတ်တဲ့ ယောက်ကျားသာမှန်ရင်
ရှောင်နိုင်အောင်ရှောင်ခဲ့ရမှာပေါ့။ အခုတော့ အများကြီးကို တွေ့နေခဲ့ရတယ်။
ခလေးသုံးယောက်နဲ့ မိန်းမ ရှိနေပေမဲ့ မြူဆွယ်တဲ့ မိန်းမနောက်ကို
ကောက်ကောက်ပါအောင်လိုက်သွားတဲ့သူတွေ၊ ပိုက်ဆံမက်လို့ လာမြူဆွယ်တဲ့
ကောင်မလေးကို မရှောင်နိုင်ပဲ ဝင်တိုးခဲ့မိလို့ နောက်ဆုံး အေးချမ်းနေတဲ့
မိသားစုလေးပြိုကွဲသွားရတာတွေဟာ နောက်ဆုံးမှာ ဘယ်သူ့မှာ အပြစ်ရှိလဲ။
တကယ်တော့ ဘယ်သူမပြု မိမိမှုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကြည့်ရင်လည်း ဒု သ န
သော ဆိုတဲ့ ကြောက်စရာ ငရဲဆိုးကြီးကိုဆင်းနေတဲ့ ယောက်ကျားတွေ
အခုဒီခေတ်ကြီးထဲမှာ အများကြီးပါ။ ( ကျနော်အခုပြောနေတာတွေက သက်သေရှိပါတယ်။
သူတို့ရဲ့ အကြောင်းတွေကို နောက်ပိုင်းပိုစ့်တွေမှာ ရေးသွားမှာပါ။)


မိန်းခလေးတွေရဲ့ အချစ်ဟာ တဇွတ်ထိုးဆန်တယ်။ ချစ်ပြီးရင်
မပြောင်းလဲချင်ကြဘူး။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ သူတို့ချစ်မိတဲ့သူဟာ
မလွတ်မလပ်ကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ်သူတို့ကိုယ်တိုင်က မလွတ်မလပ်
ဆိုတာမျိုး ဆိုရင် အားလုံးမှာ စိတ်ဆင်းရဲစရာတွေနဲ့ နှစ်ပါးရတော့မှာအပြင်
ပတ်ဝန်းကျင်မှာလည်း အရှက်ရစရာ၊ သံသရာမှာလည်း ငရဲရစရာ ကိစ္စတွေကို လုပ်ဖို့
ကြိုးစားနေသလိုမျိုးဖြစ်နေပြီေ
အဲဒါကြောင့်မိန်းခလေးတွေအနေနဲ့
ကိုယ့်ဘက်ကသူ့ကို ဘယ်လောက်ချစ်ချစ် အဖြေကို လွယ်လွယ်မပေးပဲ
သူ့အကြောင်းကို သူ့ဆီကမဟုတ်ပဲ တစ်ခြားသူဆီက အရင်သိအောင်စုံစမ်းသင့်ပါတယ်။

မိန်းခလေးတစ်ယောက်ရဲ့ ဘဝဆိုတာ စက္ကူဖြူတစ်ရွက်လိုပါပဲ။ အစွန်းအထင်းမခံဘူး။
မှားသွားတာကို ပြန်ဖျက်လို့ရပေမဲ့ အဲဒီ့အမှားကြီးကတော့ ဘဝနဲ့တူတဲ့
စာရွက်ဖြူလေးပေါ်မှာ အမြဲတမ်းထင်ကျန်ရစ်နေမှာပါလေ။
ကိုယ်တကယ်အားကိုးလောက်တဲ့ ယောက်ကျားဆိုတာ ရှိတော့ ရှိတယ် ရှားသွားပါပြီ။
မြင်တတ်အောင်ကြည့်ဖို့ အရေးကြီးတယ်။ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့
မိန်းခလေးတွေ ဒီလောကမှာ များလာပြီ။


ဘဝဆိုတာ လုပ်ချင်တာတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
လုပ်သင့်တာတွေအတွက်ကိုလည်း ဦးစားပေးသင့်ပါတယ်။
လုပ်ချင်တာတွေချည်းလုပ်နေတဲ့သူဟာ မဖြစ်သင့်တဲ့
အမှားတွေနဲ့လုံးပန်းနေရတော့မှာလေ။

ဘာပဲဖြစ်ဖြစ်ပါ။ လုပ်ချင်တာထက် လုပ်သင့်တာကို
တစ်ခါတစ်လေမှာဦးစားပေးလိုက်ပါ။ အဲဒီ့အကျိုးကျေးဇူးကို
လက်ငင်းမစံစားရတောင် နောင်တစ်ချိန်မှာ မုချစံစားရလိမ့်မယ

တွေးတွေးပြီး(ရီ)ရယ်

၁.
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးေ

ဆာင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

၂.
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်"

၃.
"ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"
" ဒါပေါ့ရှင်.... ဘာဖြစ်လို့ ယောင်္ကျားလေးတိုင်းက ဒီမေးခွန်းကို မေးကြသလဲ
မသိဘူး"

၎.
ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"
ခခွေး " ၂၄ လုံးကျန်မယ်"
ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"
ခခွေး " ဘာဖြစ်လို့လဲ"
ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"

၅.
အသက်(၆၀)ရှိ လင်မယားနှစ်ဦး မွေးနေ့ပွဲ ကျင်းပကြသည်။ နတ်သား
တစ်ပါးရောက်လာပြီး လိုရာဆုတောင်း
စေသည်။
အဘွားအို " တပည့်တော်မ ကမ္ဘာပတ်ချင်ပါတယ်"
နတ်သား " တောင်းတဲ့ဆုနဲ့ ပြည့်စေ"
အဘွားအိုမှာ တောင်းသောဆုပြည့်သွားသည်။
အဘိုးအို " တပည့်တော်ထက် အသက်(၃၀)ငယ်တဲ့ မိန်းကလေးကို အခုအချိန်မှာ
ပွေ့ဖက်ချင်ပါတယ်"
နတ်သား "တောင်းတဲ့ဆုနဲ့ပြည့်စေ"
အဘိုးအိုမှာ ချက်ချင်း အသက်(၉၀)ဖြစ်သွားသည်။
ဆုတောင်းမည်ဆိုလျှင် စကားကို ရှင်းလင်းအောင်ပြောသင့်သည်။

၆.
မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ
ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)
ယမမင်း " ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့
မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို
ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့
အသုံးဝင် WINDOWS တွေကိုလည်း ထွင်
ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ
ဆုံးဖြတ်ပေတော့"

Bill - Gates " နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ"
ယမမင်း "ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်"
သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော
ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်
မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။
သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော
တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး
နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။
Bill - Gates "ကျွန်တော် ငရဲပြည်ပဲ သွားမယ်"
ယမမင်း "ကောင်းပြီ"

သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာ
ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း
ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊
ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။

Bill - Gates "ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့
မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့
ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ"
ယမမင်း " အော် အဲတာတွေလား....အဲတာတွေက Screen Saver တွေလေ"

ဖတ်ဖူးတာလေး မျှဝေလိုက်ပါတယ်။

ကလေးအတွေး



.
(၁)
ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။
ဖခင်.......... ^&(*&!")(!_)£$"

(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီး

လာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........&^!*"^!%"$!£")(*)

(၄)
"နင့်အမှတ် ဘယ်လောက်ရလဲ"
"သုည ..နင်ကော"
"ငါလဲ သုညပဲရတယ်"
"အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
ဘူး"

ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............&*!^"!%"!^%"!08

(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

တွေးတွေးပြီး.......ရယ်

.
(၁)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

(၂)
တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိ
ရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။
လုယုက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
အကြီးအကဲ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲ
ကွ
လုယုက်သူ......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

(၃)
တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

(၄)
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "အကြီးအကဲ ကျန်း
မာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..."ဟု ကောင်းချီးပေး
ကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် "ဒီလူနာက ငါ့
ကိုမြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ်" ဟူတည်း။

ဟာသထဲက ဟာသ

ဟာသထဲက ဟာသ

အပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်
ခရီးအတူ သွားကြသည်။ တစ်နေရာ
ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ
ထိုပုလင်းကို စောင့်သော နတ်သား
တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ
ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"
"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို
ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"
" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် "ကျွန်တော်မျိုး ရေဆာတယ်
ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"
"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး
ထွက်လာပြန်သည်။ နတ်သားက တစ်
ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်
သူ့အား အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာ
ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ
တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို
တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ
မပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို
နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ " ဟူတည်း။

(အီဖေကိုယ် သာ တောင်းဆိုခွင့်ရခဲ့လျှင် တစ်ခုတောင်းဆိုချင်ပါသည်။
ပုလင်းများကို recycle လုပ်ပါဟုး)

ဟာသအတွေးလေးများ

  ဟာသအတွေးလေးများ

(၁)
"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟု
အမျိုးသမီး တစ်ဦးက အိပ်ရာကုတင်
ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား
ကုတင်ပေါ်တွင် လှဲလှောင်းစေ
ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏
ယောက်ကျားပြန်အလာနှင့် တိုးသည်။
"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက
"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။

အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော
စကားအချို့သည် သံသယမရှိ ယုံကြည်
စေတတ်သည်။

(၂)
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ"

အခြေအနေကို သိနားလည်သော ယောက်ကျားသည် ယောက်ကျားကောင်းဖြစ်ပြီး
အခြေအနေကို မသိ နားမလည်သော ယောက်ကျားသည် ယောက်ကျားမြတ်ဖြစ်သည်။

(၃)
Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင်
အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုး
အကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။
"လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော်
ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာ
တည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲ

ဆိုတော့..
သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး...
ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး....
ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်
မဟုတ်လိုပါပဲ"

(၄)
Winston Churchill (British Prime Minister 1874-1965) တစ်ခါက
ဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးက
စာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။
စင်အောက်တွင် သူ့အား ကန့်ကွက်မည့်
သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchill
မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် ...
"ကျွန်တော် စာတစ်စောင် ရလိုက်တယ်... စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်း
ရေးဖို့မေ့ပြီး သူ့နာမည်ပဲရေး
ထားတယ်" ဟုပြောသည်။
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့်
အနိုင်ယူလိုက်ခြင်းဖြစ်သည်။

စိတ်ကူးကောင်းတဲ့ ဓါတ်ပုံတွေပါ

နှစ်သက်မိသောစာများ

My Dear,

"ယောက်ျားနဲ့ မိန်းမဆိုတာ
ဘုရားသခင်က ပြုလုပ်ထားတဲ့
ကြောက်စရာအကောင်းဆုံး
ပြက်လုံးတစ်ခုပဲလေ . . .
တစ်ယောက်မရှိဘဲနဲ့ တစ်ယောက်မနေနိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက်လည်း
ဘယ်တော့မှ နာမလည်ကြဘူး . . ."


» ရော့ဘ်ရိန်နာ(အမေရိကန်ရုပ်ရှင်ဒါရိုက်တာ)

- ( ၁ ) -

ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်၊ ကင်းခြေများတစ်ကောင်နဲ့ ဖားတစ်ကောင် လမ်းမှာတွေ့ကြတော့ "ဒီလောက် ခြေထောက်တွေအများကြီးနဲ့ တစ်ချောင်းကိုတစ်ချောင်း မနင်းမိအောင် ဘယ်လိုလျှောက်လဲ" လို့ ဖားက မေး တယ်။ ကင်းခြေများလည်း သူဘယ်လိုလျှောက်ပါလိမ့် ဆိုပြီး သူ့ဘာသာသူ ငုံကြည့်ရင်း... ဆက်လျှောက်သွား တယ်။ ဟုတ်ပါရဲ့ သူ့ခြေထောက်တွေ တစ်ခုကိုတစ်ခု မနင်းမိကြဘူး။ ဒါပေမယ့် ဘယ်လို လျှောက်တာပါလို့ သူကိုယ်တိုင်လည်း ရှင်းမပြနိုင်ဘူး၊ ဒီလိုနဲ့ ခေါင်းကြီးငုံ့ပြီး စဉ်းစားရင်း စဉ်းစားရင်းနဲ့ လျှောက်လာလိုက်တာ... နောက်ဆုံးမှာ တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားပါလေရော. . . . .တဲ့။
အဲဒီလိုပါပဲ. . .
ငါ နင့်ကို ဘယ်လိုချစ်မိသွားတယ်
ဘယ်လောက်ချစ်မိသွားတယ်
ဘယ်တော့မှ မစဉ်းစားဘူး။
နောက်... တွင်းနက်ထဲကိုလည်း ဘယ်တော့မှ အကျမခံဘူး။

- ( ၂ ) -

တစ်ခါက လားပေါက်လေးတစ်ကောင်ဟာ သူအမေကို သူမရှင်းတာတွေ တတွတ်တွတ်မေးနေတယ်။
"မေမေ... သားတို့ ကျောပေါ်က ဘုကြီးက ဘာလုပ်ဖို့လဲဟင်"

"ရေတွေကို သိုလှောင်ထားနိုင်ဖို့ပေါ့ကွယ်၊ ရေမရှိတဲ့ သဲကန္တရထဲမှ ခရီးသွားနိုင်တဲ့ သတ္တဝါဆိုလို့ ကမ္ဘာပေါ်မှာမေမေတို့ပဲရှိတာ သားရဲ့. . .။ ဘယ်သတ္တဝါမှ မသွားနိုင်ကြဘူး။" လို့ မိခင် လားမကြီးက ဂုဏ်ယူစွာနဲ့ ပြန်ဖြေလိုက်တယ်။
ဒီတော့မှ လားပေါက်ကလေးက ပိုပြီးနားမလည်နိုင် ဖြစ်သွားတဲ့ပုံနဲ့ အောက်ပါအတိုင်း မေးလိုက်တယ် -
"ဒါဆိုရင် သားတို့က တိရစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေကြတာလဲဟင်..."
အဲဒီလိုပါပဲ. . .
သဲကန္တရတွေထဲကို
ငါက လျှောက်သွားချင်လာတိုင်း
တိရစ္ဆာန်ရုံထဲမှ ထည့်ထားဖို့
မင်း... မကြိုးစားစေချင်ဘူး။

- ( ၃ ) -

ပြင်သစ်တော်လှန်းရေးကာလတုန်းကပေါ့. . . .။ ပြင်သစ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး 'ဘာစတီးအကျဉ်း ထောင်ကြီး' ပြိုလဲသွားတဲ့နေ့မှာပဲ လူဝီဘုရင်ဟာ သူ့နေစဉ်ဒိုင်ယာရီမှတ်တမ်းမှာ ဒီလိုရေးသားခဲ့တယ်။
"ဒီနေ့ ဘာမှ မထူးခြားဘူး . . ."

အဲဒီလိုပါပဲ. . .
ငါ့ရဲ့အိပ်မက်တွေ
ရစရာမရှိအောင် ပြိုလဲသွားချိန်မှာ
နင့် ဒိုင်ယာရီထဲ
"ဒီနေ့ ဘာမှ မထူးခြားဘူး..." လို့ မရေးစေချင်ဘူး။

- ( ၄ ) -

တစ်ခါတုန်းက နားလေးတဲ့ ကားဒရိုင်ဘာနှစ်ယောက်ရှိတယ်၊ တစ်နေ့မှာ အဲဒီထဲက တစ်ယောက်ရဲ့ကားဟာ လမ်းဘေးမှာ ပျက်နေတယ်။ ကျန်တဲ့တစ်ယောက်ရဲ့ ကားရောက်လာပြီး လှမ်းမေးတယ်။
"ဟေ့ရောင်....ဘာလဲ၊ ဓါတ်ဆီကုန်သွားတာလား. . ."
ဒီတော့ ကားပျက်နေတဲ့ တစ်ယောက်က ပြန်ဖြေတယ်။
"မဟုတ်ပါဘူးကွာ...ဓါတ်ဆီကုန်သွားလို့ပါ"
အဲဒီလိုပြန်ဖြေတာကိုကြားတာနဲ့ ကားပေါ်က ဒရိုင်ဘာက စိတ်အေးလက်အေးဖြစ်သွားတဲ့ မျက်နှာနဲ့
"မသိပါဘူးကွာ၊ ငါက ဓါတ်ဆီကုန်သွားတာလားလို့ "
ဆိုပြီး ဆက်မောင်းသွားတော့တယ်။ ဘေးက လူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့၊ သူတို့ကတော့ အဆင်ကိုပြေလို့ပဲ. . .
အဲဒီလိုပါပဲ. . .
ငါ့တို့ရဲ့အားနည်းချက်တွေ၊
ငါ့တို့ရဲ့သိမ်ငယ်မှုတွေ၊
ငါတို့ရဲ့ ပျက်ကွက်မှု့တွေအတွက်
ငါတို့ချင်းပဲ နားလည်ကြမယ်
တခြားသူတွေ နားမလည်ရင်လည်း ရှိပါစေတော့ကွာ။

- ( ၅ ) -

တစ်ခါတုန်းကတော့ "ချာလီချက်ပလင် အတု" ပြိုင်ပွဲတစ်ခု လုပ်ကြတယ်တဲ့၊ ဒါကို နောက်ချင်တဲ့ ချာလီချက်ပလင် အစစ်က သွားပြိုင်တယ်။ အံ့သြစရာကောင်းတာက သူ အဲဒီပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့တယ်။ အများအမြင်ဆိုတာဟာ ဘယ်လောက်များ သံဿယရှိစရာ ကောင်းလိုက်ပါလိမ့် . . . .
အဲဒီလိုပါပဲ. . .
ကိုယ်တို့ ခရီးစဉ်အတွက်
(တစ်ခါတစ်ရံမှာ....)
"ပတ်ဝန်းကျင်" ဆိုတာရဲ့ အမြင်ကို
လစ်လျူရှုပြီး လျောက်ရလိမ့်မယ်။

- ( ၆ ) -

"ကွမ်တမ်မက္ကင်းနစ်" ကို စတင်ဖော်ထုတ်ခဲ့တဲ့ ဂျာမန် ရူပဗေဒပညာရှင် မာ့က်စ်ဘွန်း ဟာ သူ့ရဲ့ဒေါက်တာဘွဲ့ အတွက် လူတွေ့အစစ်ဆေးခံရတယ်။ ဒီတော့ လူကြီးတွေက မေးတယ်၊ "ကြယ်ကြွေကျတာကို မြင်တဲ့အခါ မောင်ရင် ဘာလုပ်သလဲ" ။ ဘွန်းက အဲဒီမေးခွန်းကို အောက်ပါအတိုင်း ဖြေရမယ်လို့ နားလည်ပါတယ်။
"ကျွန်တော် နာရီကို ကြည့်လိုက်မယ်၊ အချိန်ကို မှတ်မယ်၊ ဘယ်ကြယ်နက္ခတ်စုက ကျလာသလဲဆိုတာ ဆုံးဖြတ်မယ်၊ လှုပ်ရှားမှု့ရဲ့ ဦးတည်ချက်နဲ့ အလင်းတန်းရဲ့ အရှည်ကို အကဲဖြတ်ပြီး... အနီးစပ်ဆုံး လမ်းကြောင်းကို တွက်ချက်ပါမယ်"
ဒါပေမယ့် သူ့ရင်ထဲက ပြောချင်နေတဲ့ ရိုးရိုးသားသား စကားတစ်ခွန်းကိုပဲ ဖြေလိုက်တယ်။
"လိုချင်တာ တစ်ခုကို ဆုတောင်းပါမယ်..."

အဲဒီလိုပါပဲ. . .
ကိုယ်တို့တွေလည်း
(ရင်ထဲကလာတဲ့ ....)
"ရိုးရိုးသားသား စကားတစ်ခွန်းကို" ပြောပြဖို့
ဝန်မလေးကြစို့လားကွယ် . . . . ။

ချောပေမယ့် မိန်းကလေးတော့မဟုတ်ဘူးနော်

ထူးဆန်းတာလေးတွေ

စားကြမယ်ဟေ့ကောင်းကောင်း